Advertise

"Please stop Crony capitalism-nization in Myanmar Now!"
 
Tuesday, June 24, 2014

တပ်မတော် အရာရှိကြီးကို ပြည်နယ် ဝန်ကြီးချုပ် ခန့်နိုင်သလား

0 comments
တပ်မတော် အရာရှိကြီးကို ပြည်နယ် ဝန်ကြီးချုပ် ခန့်နိုင်သလား

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ သမ္မတကြီးက သဝဏ်လွှာပေးပို့ထားတာ မှန်ကန်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ဘီဘီစီကို ပြောပါတယ်။

စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ရခိုင်ပြည်နယ်က ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် မဟုတ်သူကို ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်မှာကို သဘောမတူဘူးလို့ ဆိုပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၂၆၁ (ခ) မှာတော့ အခုလို ရေးသား ပြဋ္ဌာန်းထားပါတယ်။ 

နိုင်ငံတော် သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်-

(၁) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်။ 

(၂) ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက် ရယူရမည်။

BBC Burmese

Leave a Reply

 
ETHNICS VOICE © 2011 ETHNICE VOICE OF MYANMAR & Main Blogger. Supported by ETHNICE VOICE OF MYANMAR

WELCOME TO YOU FROM OUR BLOGSPOT