ယာယီသက်သေခံလက်မှတ်(White Card) ကိုင်ဆောင်ထားသူများအား နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ပေးခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေသည်ဟု ညီ နောင်တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် နေပြည်တော်ရှိ ရတနာ သိင်္ဃဟိုတယ်၌ ကျင်းပသော ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ရခိုင်ပြည်နယ်အတွင်း ယာယီသက်သေခံကတ်ပြား(White Card) နှင့် မဲပေးနိုင်ခွင့်ရှိသူ ခုနစ်သိန်းကျော် ရှိသည်ဟုပြောဆိုလိုက်တာပါ
.........................................................
ဟိန်းကိုစိုး|ဖေဖော်ဝါရီ ၇၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်။
ရခိုင်ပြည်နယ်အတွင်း ယာယီသက်သေခံကတ်ပြား(White Card) နှင့် မဲပေးနိုင်ခွင့်ရှိသူ ခုနစ်သိန်းကျော် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။
ယာယီနိုင်ငံသားကတ်ပြားများကို ၁၉၄၉ ခုနှစ် နိုင်ငံတွင်း မှတ်ပုံတင်ရေးဥပဒေအရ ထုတ်ပေးထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းတွင် ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်ထားသူပေါင်း ၇၃၄,၄၅၃ ရှိ သည်ကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ကောက်ယူရရှိထားသော စာရင်း များကို ကိုးကားပြောဆိုခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူးဦးသောင်းလှိုင်က “အခုWhite Card ကိုင်ထားသူတွေက ဥပဒေအရနိုင်ငံသားဖြစ်နိုင်သူတွေ၊ ဒီလိုလူမျိုးတွေက မဲပေးခွင့်ရှိတယ် ဆိုတာက အခြေခံဥပဒေမှာရော ရွေးကောက်ပွဲဥပဒေမှာရော ပါတဲ့အတွက် မဲပေးနိုင်မယ့်သူတွေက ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ဖြစ်မှာပဲ။ အခု ဒါကို Object(ကန့်ကွက်မှု) လုပ်တာတွေရှိတယ်။ အခြေ ခံဥပဒေ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာရမယ်”ဟု ပြောသည်။
ယာယီသက်သေခံကတ်ပြားများကို အသက် ၁၀ နှစ်မှစတင်ကာ မည်သည့်နိုင်ငံသားမှန်း မသိရှိသူများကို ထုတ်ပေးခြင်းဖြစ်သည်။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား ဥပဒေ အရ နိုင်ငံသားပြုခွင့်ရှိသူများနှင့် ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်သူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအဖြစ် ထည့်သွင်းပြဋ္ဌာန်းထားသည့်အတိုင်း မဲပေးခွင့်ရှိသူများကို ကော်မရှင်က သတ်မှတ်သွား မည်ဟု ဦးသောင်းလှိုင်က ဆိုသည်။
ယာယီသက်သေခံလက်မှတ်(White Card) ကိုင်ဆောင်ထားသူများအား နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ပေးခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေသည်ဟု ညီ နောင်တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် နေပြည်တော်ရှိ ရတနာ သိင်္ဃဟိုတယ်၌ ကျင်းပသော ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းအချက်များကို ကြည့်ခြင်းအားဖြင့် ဗမာအစိုးရနဲ့ တိုင်းရင်းသားပါတီများအကြား သဘောထားကွဲလွဲမှုများရှိနေပြီး သံခေါင်စာရင်းကောက်ယူမှုမှာလည်း တိုင်းရင်းသားမျိုးနွေစုဝင်တွေအကြားမကျေနပ်မှုတွေရှိနေကြောင်းနဲ့ ဗမာအစိုးရက အနာဂါတ်မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ထွေးလာစေမည့် အလုပ်များကို လုပ်ဆောင်နေတယ်လို့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများက သုံးသပ်ချက် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
Mizzima - News in Burmese
←
The war with the Kachins continues – Amidst talks of a Nationwide Ceasefire
Burma army uses aid convoy to captures KIO controlled IDP camp
→
Subscribe to:
Post Comments (Atom)